(ရန်ကုန်၊ အောက်တိုဘာလ ၁၁ ရက်)
ယန်းအာမခံက ကြီးမှူးကျင်းပသော အသက်အာမခံကိုယ်စားလှယ်သင်တန်း အမှတ်စဉ်အသစ် (၀၁/၂၀၂၅) ကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။ထိုသင်တန်းကို (၅) ရက်တာသင်တန်းကာလသတ်မှတ်ထားပြီး အာမခံလောက၌ နှစ်ပေါင်း (၃၀) ကျော် အတွေ့အကြုံရှိသည့် ဝါရင့်ဆရာ ဦးလွင်ဦး မှ ဦးဆောင်ပြီး အခြားသော ကျွမ်းကျင် ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်း၍ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
ယနေ့ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အာမခံအေးဂျင့်သင်တန်း၏ ပထမနေ့တွင် ဆရာဦးလွင်ဦး မှ အာမခံ၏ သဘောတရားနှင့် ဖြစ်ပေါ်တိုးတက်လာပုံ (Concept of Insurance & Its Evolution)၊ အာမခံ၏ အခြေခံမူများ (Principal of Insurance)၊ စွန့်စားစီမံခန့်ခွဲမှု (Risk Management)၊ အရောင်းနှင့် အာမခံလက်ခံခြင်း (Sales and Underwriting) စသည့် ဘာသာရပ်များကို အဓိကထား၍ သင်ကြားပေးခဲ့ပါသည်။