ယန်းအာမခံအနေဖြင့် ပရိသတ်ချစ်ခင်အားပေးရသော အနုပညာရှင်တစ်ဦးဖြစ်သည့် သရုပ်ဆောင် မြယာ အတွက် ကျပ်သိန်း (၁၀၀) တန်ဖိုးရှိ "ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (Personal Accident Insurance)" အကာအကွယ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့က နေပြည်တော်ရှိ Nirvana Hotel & Resort တွင် ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် သရုပ်ဆောင် မြယာ အနေဖြင့် အနုပညာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုများတွင် လည်းကောင်း ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်းဆောင်တာများကို အောင်မြင်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အာမခံအကာအကွယ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
အနုပညာလောကတွင် အောင်မြင်မှုများစွာ ဆက်တိုက်ရရှိနေသော သရုပ်ဆောင် မြယာ တစ်ယောက် ယန်းအာမခံ၏ ခိုင်မာသော အကာအကွယ်များဖြင့် ပိုမိုတောက်ပသော အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေကြောင်း ယန်းအာမခံမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။