စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ငလျင်ဒဏ်သင့်ကျောင်းသား၊ ကျောင်းသူများအတွက် (၂၀၂၅) ခုနှစ်၊ မေလ (၃၀) ရက်နေ့မှာ ယန်းအာမခံကနေ စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများကူညီထောက်ပံ့ပေးရေးအဖွဲ့ မှတဆင့် အကူအညီများကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် ပညာသင်ကြားရေးလုပ်ငန်းစဉ်များ အခက်မခဲမရှိစေဘဲ ဆက်လက်လျှောက်လှမ်းစေဖို့ ရည်ရွယ်ပြီး ယန်းအာမခံကနေ သိန်း (၂၁,၀၀၀,၀၀၀) ကျပ်တိတိကို လှူဒါန်းထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာမှုများကိုလည်း ယန်းအာမခံကနေ တတ်စွမ်းနိုင်သလောက် အကူအညီများပေးအပ်သွားမှာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကနေအတူတကွ ပြန်လည်ရုန်းထလာနိုင်ဖို့အတွက်ကိုလည်း ဆက်လက်လက်တွဲကူညီပေးသွားမှာ ဖြစ်ပါတယ်။





