မြန်မာနိုင်ငံ ရမည်းသင်းဒေသတွင်းမှာ ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် ယန်းအာမခံကနေ တစ်အိမ်ထောင်ကို တစ်သိန်းကျပ်ဖြင့် သိန်း (၁၀၀) ကျပ်တိတိ ကိုသွားရောက် လှူတန်းခဲ့ပါတယ်။
ဒါ့အပြင် ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ နေရာတွေမှာလည်း ယန်းအာမခံမှ ဝန်ထမ်းများကိုယ်တိုင် ဝိုင်းဝန်းကူညီပြီး လုပ်အားပေးခဲ့ကြပါတယ်။
ယန်းအာမခံနဲ့အတူ ဒေသခံပြည်သူတွေအတွက်အလှူဖြစ်မြောက်ရေးကို ပါဝင်ပြီးကူညီပေးခဲ့သူတိုင်းအား ကျေးဇူးအထူးတင်ရှိရင်း ဒေသခံပြည်သူများ အားလုံး အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။