Young Group မိသားစု၏ ကဆုန်လပြည့်ညောင်ရေသွန်းပွဲအလှု

Posted Date : 2025-05-12

၂၀၂၅ ခုနှစ်၊ မေလ (၁၁) ရက်နေ့သည် မြတ်စွာဘုရားရှင်ဗျာဒိတ်တော်ခံယူသော "ကဆုန်လပြည့် ဗုဒ္ဓနေ့" ဖြစ်ပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့သည် မြတ်စွာဘုရားရှင် သက်ရှိထင်ရှားရှိတော်မူစဉ်ထဲက သတ်မှတ်ခဲ့သည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့်အပြင် ဗောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်အလာဖြင့်ကောင်းမှုကုသိုလ်များ ခေတ်အဆက်ဆက်ပြုလုပ်ခြင်းအလေ့အထရှိခဲ့ပါသည်။

Young Group မိသားစု၏ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲအား ဘုရားအမှူးရှိသော ဆရာတော် သံဃာတော်များကို ဆန်၊ ဆီ၊ ဆေး၊သင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကုသိုလ်များပြုလုပ်ခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။

Young Group မိသားစု၏ လှူဒါန်းမှုကုသိုလ်အစုစု၏ပုံရိပ်များကို မိတ်ဆွေများပီတိဖြစ်စေရန်နှင့် ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်စေရန် ပြန်လည်မျှဝေလိုက်ပါသည်။