ယန်းအာမခံအနေဖြင့် ကျွန်ုပ်တို့၏ အာမခံထားရှိသူ မိတ်ဆွေများအတွက် မမျှော်လင့်ထားသော ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရချိန်တွင် အကောင်းဆုံး အကာအကွယ်ပေးနိုင်ရန် အမြဲအသင့်ရှိနေပါသည်။
ယာဉ်ထိခိုက်မှုများအတွက် လျော်ကြေးငွေများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး လက်ဝယ်အရောက် ပေးအပ်လျက်ရှိပါသည်။
ယခုတစ်ပတ်အတွင်းမှာလည်း ရန်ကုန်မှ နေပြည်တော်သို့အသွား ဒိုက်ဦးမြို့နယ် ၊ အမြန်လမ်း မိုင်တိုင် (၆၉) အနီးတွင် ရှေ့လေကာမှန် ခဲစင်သည်ကို အာရုံစိုက်လိုက်စဉ် လမ်းပေါ်တွင် မိုးရွာ၍ ရေဝပ်နေသဖြင့် အပေါ်ကြောသို့ ဆွဲတင်ရာ စလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်တိုက်ကာ မောင်းနှင်လာသောကားထိခိုက်မိသဖြင့် လျော်ကြေးငွေ(၁၄၀,၃၀၀,၀၀၀) ကျပ်တိတိ ကို ပေးအပ်ခဲ့ပါတယ်။
ဆယ်စုနှစ် (၁) ခုစာတိုင် တိကျမြန်ဆန်သော ဝန်ဆောင်မှုများဖြင့် ရပ်တည်လျက်ရှိသော Young Insurance သည် လူကြီးမင်းတို့၏ ယုံကြည်မှုကို အမြဲတန်ဖိုးထားလျက်ရှိပါသည်။