စစ်ကိုင်းတိုင်းဗဟိုပြု ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံအတွက် လျော်ကြေးငွေကျပ် (၇၄) သိန်းကျော်ကို ပေးအပ်ခြင်း

Posted Date : 2026-03-20

မြန်မာနိုင်ငံ၏ အာမခံကဏ္ဍတွင် (၁၃) နှစ်တိုင်တိုင် လူကြီးမင်းတို့၏ ယုံကြည်အားကိုးမှုကို ရရှိထားသော ယန်းအာမခံ သည် အာမခံထားသူမိတ်ဆွေများ ဘေးအန္တရာယ်နှင့် ဆုံးရှုံးမှုများတွင် အမြဲတစေ အနီးကပ်ရှိနေကာ ထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နေ့လယ် (၁၂:၅၅) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီးအား ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြောင့် ယန်းအာမခံတွင် အဆောက်အအုံအာမခံ ထားရှိသူတစ်ဦး၏ အဆောက်အအုံတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ ယန်းအာမခံ မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် အဆောက်အအုံ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် လျော်ကြေးငွေ စုစုပေါင်း ကျပ် (၇,၄၇၃,၀၀၀) တိတိ ကို ကာယကံရှင်ထံသို့ အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။