Young Insurance မှ မော်တော်ယာဉ်အာမခံ လျော်ကြေးငွေ ကျပ် (၂၅၆) သိန်းကျော် ပေးအပ်

Posted Date : 2026-05-13

ယန်းအာမခံ အနေဖြင့် "Customer များ၏ စိတ်အေးချမ်းမှု" ကို အဓိကဦးစားပေးလျက်ရှိပြီး မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့သော မော်တော်ယာဉ် မတော်တဆမှုတစ်ခုအတွက် အာမခံလျော်ကြေးငွေ ကျပ် (၂၅,၆၂၀,၀၀၀) တိတိကို အမြန်ဆုံး စိစစ်ထုတ်ပေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယန်းအာမခံ တွင် အာမခံထားရှိသော မော်တော်ယာဉ်တစ်စီးသည် ကျောက်ပန်းတောင်းမှ ရန်ကုန်သို့အပြန်၊ လက်ပံပျားရွာအနီးတွင် တစ်ဖက်ယာဉ်မှ လာရောက်တိုက်မိခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ယန်းအာမခံ အနေဖြင့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လိုအပ်သည့် စစ်ဆေးမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ပြီး အာမခံထားသူ၏ ထိခိုက်နစ်နာမှုများအတွက် အကာအကွယ်ပေးနိုင်ရန် ကတိကဝတ်အတိုင်း လျော်ကြေးငွေများကို အမြန်ဆုံး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။