ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော အာမခံထားသူများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို မဇွန်လ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယန်းအာမခံမှ အမှုဆောင်အရာရှိကြီးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အာမခံထားသူများ တက်ရောက်ခဲ့ကြပြီး ငလျင်ဘေးသင့်ပြည်သူများအတွက် အာမခံ၏ အရေးပါပုံကို အလေးထားပြောကြားခဲ့သည်။
ယန်းအာမခံမှ စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဖြစ်စဉ်အတွင်းနေအိမ်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ (၅၃,၀၂၇,၉၇၈) တိတိကို အဆိုပါပွဲတွင် ပေးအပ်ခဲ့ပါသည်။
စစ်ကိုင်းမြို့အတွင်း ငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများအတွက် ယန်းအာမခံမှ ပေးအပ်ခဲ့သည့် ဤလျော်ကြေးငွေသည် ဘေးဒဏ်သင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို တစ်စိတ်တစ်ပိုင်း ပံ့ပိုးကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။