သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများအတွက် ယန်းအာမခံမှ လျော်ကြေးငွေကျပ် တစ်ရာတစ်ဆယ့်နှစ်သိန်းတိတိ ပေးအပ်ခြင်း

Posted Date : 2026-04-03

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့အပါအဝင် အနီးနားဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းခွင်များနှင့် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပါသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ယန်းအာမခံတွင် အာမခံထားရှိသော Global Treasure Bank - ကမ္ဘာ့ရတနာဘဏ် (ပြည်ကြီးမင်္ဂလာဘဏ်ခွဲ) ၏ အဆောက်အအုံတွင်လည်း ထိခိုက်ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ပါသည်။
ယန်းအာမခံ အနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အာမခံထားသူ၏ အခက်အခဲကို နားလည်စာနာစွာဖြင့် အမြန်ဆုံးကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ အချိန်မီ စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် အဆောက်အအုံ ပြုပြင်စရိတ်များအတွက် လျော်ကြေးငွေကျပ် ၁၁,၂၀၀,၀၀၀ (ကျပ် တစ်ရာတစ်ဆယ့်နှစ်သိန်းတိတိ) ကို အောင်မြင်စွာ စိစစ်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။