လမ်းခရီးမှာ သွားလာနေတဲ့အခါ ကိုယ်တိုင်ဘယ်လောက်ပဲ ဂရုစိုက်မောင်းနှင်ပါစေ မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ မတော်တဆမှုတွေဆိုတာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့သော အချိန်တိုင်းတွင် သင့်အတွက် ယန်းအာမခံမှ ရပ်တည်လျက်ရှိပါသည်။
မကြာသေးမီက ရန်ကုန်မြို့မှ ပြည်မြို့သို့ သွားရောက်သော မော်တော်ယာဉ်တစ်စီးသည် ရွှေတောင်မြို့နယ်၊ လေးကျွန်းဆီမီးကျေးရွာအနီးအရောက်တွင် အခြားဆိုင်ကယ်တစ်စီးအား အရေးပေါ် ရှောင်တိမ်းရာမှ မမျှော်လင့်ဘဲ စလစ်ဖြစ်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ယန်းအာမခံအနေဖြင့် မိမိတို့၏ မိတ်ဆွေများ အခက်အခဲကြုံတွေ့လာရချိန်တိုင်းတွင် အနီးကပ်ဆုံး ရပ်တည်ကူညီပေးလျက်ရှိရာ ယခု ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွက်လည်း ထိခိုက်ဆုံးရှုံးမှုများအား အမြန်ဆုံး ကွင်းဆင်းစိစစ်မှုများ ပြုလုပ်ပေးခဲ့ပါသည်။
စစ်ဆေးမှုများ ပြီးစီးသည့်အခါ Customer ၏ နစ်နာမှုများအတွက် အချိန်ဆွဲခြင်း လုံးဝမရှိဘဲ အချိန်တိုအတွင်း လိုအပ်သည့် လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ကြောင့် ထိခိုက်နစ်နာမှုအတွက် ထိုက်တန်သော လျော်ကြေးငွေကျပ် (၉၅,၆၀၀,၀၀၀) အတိကို အပြည့်အဝ တာဝန်ယူ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ မမျှော်လင့်ထားသော အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြစ်ရာ သင့်ခရီးစဉ်တိုင်း စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် ယန်းအာမခံနှင့် ယခုပဲ လက်တွဲလိုက်ပါ။