ယာဉ်ထိခိုက်ပျက်စီးမှုအတွက် ယန်းအာမခံမှ လျော်ကြေးငွေ ကျပ် သိန်း (၃,၁၀၀) ကျော်ပေးအပ်

Posted Date : 2026-09-25

ခရီးသွားလာရင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာတဲ့အခါ ယာဉ်ပိုင်ရှင်တွေအနေနဲ့ စိတ်ပူပန်မှုတွေနဲ့ ငွေကြေးဆုံးရှုံးမှုကြီးမားမှုကို မခံစားရစေရန် ယန်းအာမခံမှ အမြဲတမ်း အနီးကပ်ဆုံး အကာအကွယ်ပေးလျက်ရှိပါတယ်။

ယခုဖြစ်ရပ်မှာလည်း အာမခံထားရှိတဲ့ မော်တော်ယာဉ်ဟာ ရန်ကုန် - နေပြည်တော် အမြန်လမ်း (မိုင်တိုင်အမှတ် ၂၂/၇) အတိုင်း မောင်းနှင်လာစဉ် မိုးသည်းထန်မှုကြောင့် လမ်းချော်ပြီး ကီလိုတိုင်နှင့် သစ်ပင်တို့ကို ဝင်ရောက်တိုက်မိခဲ့တဲ့အထိ ပြင်းထန်သော ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ပါတယ်။

ယာဉ်ပိုင်ရှင်များအတွက် ထိုကဲ့သို့ မမျှော်လင့်ဘဲ ကြုံတွေ့ရသည့် အခက်အခဲအပေါ် ယန်းအာမခံမှ ပင်မမူဝါဒအတိုင်း လျင်မြန်တိကျစွာ စိစစ်ဆောင်ရွက်ပေးခဲ့ပြီး Total Loss (မော်တော်ယာဉ် လုံးဝပျက်စီးမှု) အဖြစ် သတ်မှတ်ကာ လျော်ကြေးငွေ ကျပ် ၃၁၀,၇၅၀,၀၀၀ (ကျပ် သိန်း (၃,၁၀၀) ကျော်) ကို အမြန်ဆုံးနှင့် အပြည့်အဝ ပေးလျော်ခဲ့ပြီး ဖြစ်ပါတယ်။

"ခရီးလမ်း ဘယ်လောက်ပဲ ခက်ခဲပါစေ၊ မမျှော်လင့်တဲ့ အခက်အခဲတွေ ဘယ်လိုပဲ ကြုံလာရပါစေ... လူကြီးမင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုတွေကို ယန်းအာမခံက အမြဲတမ်း အနီးကပ်ဆုံးနဲ့ အခိုင်မာဆုံး ကျောရိုးတစ်ခုလို အကာအကွယ်ပေးနေပါတယ်။