ယန်းအာမခံအနေဖြင့် ကျွန်ုပ်တို့၏ အာမခံထားရှိသူ မိတ်ဆွေများအတွက် မမျှော်လင့်ထားသော ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရချိန်တွင် အကောင်းဆုံး အကာအကွယ်ပေးနိုင်ရန် အမြဲအသင့်ရှိနေပါသည်။
ယာဉ်ထိခိုက်မှုများအတွက် လျော်ကြေးငွေများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး လက်ဝယ်အရောက် ပေးအပ်လျက်ရှိပါသည်။
ယခုတစ်ပတ်အတွင်းတွင်လည်း မော်ကျွန်း-ရန်ကုန် ခရီးစဉ် (မအူပင်လမ်းပိုင်း) တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအတွက် လျော်ကြေးငွေ ပေးအပ်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းသူမှ ရှေ့သို့ရုတ်တရက် ဖြတ်ပြေးသူအား အသက်အန္တရာယ် မထိခိုက်စေရန် ရှောင်တိမ်းရာမှ ယာဉ်ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ ယန်းအာမခံ မှ လျော်ကြေးငွေကျပ် (၁၉,၁၀၀,၀၀၀) (သိန်း ၁၉၀ ကျော်) ကို အမြန်ဆုံး ပေးအပ်ခဲ့ပါသည်။
ဆယ်စုနှစ် (၁) ခုစာတိုင် တိကျမြန်ဆန်သော ဝန်ဆောင်မှုများဖြင့် ရပ်တည်လျက်ရှိသော Young Insurance သည် လူကြီးမင်းတို့၏ ယုံကြည်မှုကို အမြဲတန်ဖိုးထားလျက်ရှိပါသည်။