ပင်မစာမျက်နှာ » အထွေထွေအာမခံ

မီးနှင့်သဘာဝဘေးအန္တရာယ်အာမခံဆိုသည်မှာ မရွေ့လျားနိုင်သော ပစ္စည်းများ နှင့် ရွေ့လျားနိုင်သောပစ္စည်းများ မီးလောင်ကျွမ်းမှုကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများစွာကို ကာကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါတယ်...

အလုံးစုံမော်တော်ယာဉ်အာမခံဆိုသည်မှာ လူကြီးမင်းတို့ပိုင်ဆိုင်သော မော်တော်ယာဉ်များ မတော်တဆ ထိခိုက်မှုဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါတယ်။

ရေယာဉ်ကိုယ်ထည်အာမခံသည် မြန်မာပြည်တွင်းနှင့် ပြည်ပတွင် ခုတ်မောင်းသွားလာသည့် ရေယာဉ်များ၏ ကိုယ်ထည်များ ရေကြောင်းအာမခံအကာအကွယ် ရရှိစေရန် ဖြစ်ပါသည်။

ကုန်ပစ္စည်းတွေကို ကုန်းလမ်းမှဆက်သွယ်ပို့ဆောင်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်အောင် သယ်ယူသည့်ပစ္စည်းများကို ခရီးတစ်ခေါက်ခြင်းအလိုက် အာမခံထားရှိနိုင်ပါသည်။

ကုန်ပစ္စည်းတွေကို ကုန်းလမ်းမှဆက်သွယ်ပို့ဆောင်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်အောင် သယ်ယူသည့်ပစ္စည်းများကို ခရီးတစ်ခေါက်ခြင်းအလိုက် အာမခံထားရှိနိုင်ပါသည်။

ငွေသားလုံခြုံမှုအာမခံဆိုသည်မှာ လုပ်ငန်းတွင်ရှိသောမီးခံသေတ္တာထဲတွင်သိမ်းဆည်းထားသည့်ငွေများ ဆုံးရှုံးမှုအတွက် လျော်ကြေးပေးရန် တာဝန်ယူသော အာမခံအမျိုးအစားဖြစ်ပါသည်။

ငွေပို့ငွေသယ်အာမခံဆိုသည်မှာ ငွေများကိုတစ်နေရာမှ တစ်နေရာသို့သယ်ဆောင်ရာတွင် လုယက်ခံရခြင်းနှင့် ခိုးယူခံရခြင်းများ ဖြစ်ပွားသည့် အခါဆုံးရှုံးမှုကို ကုစားပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

သမာဓိအာမခံဆိုသည်မှာ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများတွင် ဝန်ထမ်းတစ်ဦးတစ်ယောက်၏ မရိုးသားခြင်း၊ ခိုးယူခြင်းကြောင့် ပျောက်ဆုံးသည့် ငွေပမာဏကို တာဝန်ယူသောအာမခံအမျိုးအစားဖြစ်ပါသည်။