ပင်မစာမျက်နှာ » အထွေထွေအာမခံ » မီးနှင့်သဘာဝဘေးအန္တရာယ်အာမခံ

မီးနှင့်သဘာဝဘေးအန္တရာယ်အာမခံ

မီးနှင့်သဘာဝဘေးအန္တရာယ်အာမခံဆိုသည်မှာ မရွေ့လျားနိုင်သော ပစ္စည်းများ နှင့် ရွေ့လျားနိုင်သောပစ္စည်းများ မီးလောင်ကျွမ်းမှုကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများစွာကို ကာကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါတယ်...

စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ပိုင်ဆိုင်သော လူကြီးမင်းများနှင့် ဆိုင်ခန်းစသည့် ရောင်းဝယ်ဖောက်ကားရေးလုပ်ဆောင်နေသည့် စီးပွားရေးသမားများထားသင့်ပါတယ်...

အာမခံထားရှိနိုင်သည့်ပစ္စည်းများ

  • အဆောက်အဦး
  • ပရိဘောဂ
  • စက်ကိရိယာ
  • လုပ်ငန်းသုံးပစ္စည်းများ
  • ကုန်ပစ္စည်းများ

အာမခံထားခွင့်ရှိသူ

  • ပိုင်ရှင်
  • ပူးတွဲပိုင်ရှင်
  • ဇနီး (သို့) ခင်ပွန်း
  • ပစ္စည်းအပ်နှံထားခြင်းကိုလက်ခံသူများ (ဂေါပကအဖွဲ့)

အာမခံသက်တမ်း

အာမခံသက်တမ်းသည် ၁၀ ရက် မှ ၁ နှစ် အထိထားနိုင်ပါသည်။ (နှစ်စဉ်သက်တမ်းဆက်နိုင်ပါသည်။)

ပရီမီယံ

ပရီမီယံကောက်ခံရာတွင်
  • အဆောက်အဦးအတန်းစား
  • အဆောက်အဦး ၊ ပစ္စည်းအသုံးပြုပုံ
  • ပတ်ဝန်းကျင်အဆောက်အဦးအခြေအနေ
  • အာမခံထားငွေတို့အပေါ်တွင် အခြေခံ၍ တွက်ချက်ပါသည်။
ပရီမီယံနှုန်း : အနည်းဆုံး 0.13% ~ အများဆုံး 3.50%

အခြေခံအကာအကွယ်များ

  • မီးလောင်ကျွမ်းမှု
  • မိုးကြိုးပစ်ခြင်း
  • အိမ်သုံးဓါတ်ငွေ့ပေါက်ကွဲမှု
  • မီးငြိမ်းသတ်ခြင်းကြောင့်ပျက်ဆီးခြင်း

အပိုအကာအကွယ်

  • အဓိကရုဏ်း၊ သပိတ်မှောက်ခြင်း၊မသမာဖျက်ဆီးခြင်း - ၀.၀၆%
  • ငလျင်နှင့်မီးတောင်ပေါက်ကွဲခြင်း - ၀.၁၀%
  • လေပြင်းမုန်တိုင်းအမျိုးမျိုး - ၀.၂၀% ~ ၀.၂၅%
  • ရေကြီးခြင်း၊ ရေလျှံခြင်း - ၀.၁၀%
  • မြေပြိုခြင်း၊ မြေကျွံခြင်း - ၀.၁၀%
  • ဖောက်ထွင်းခိုးယူမှု - ၀.၂၅% ~ ၁ %
  • စစ်ဘေးအန္တရာယ် - ၀.၁၀%

လျော်ကြေးမဲ့ဆု

  • အာမခံထားသည့်ပစ္စည်းတစ်နှစ်အတွင်း လျော်ကြေးမတောင်းလျှင် ဒုတိယနှစ်မှစ၍ ၂၅% လျော်ကြေးမဲ့ဆု ရခွင့်ရှိပါသည်။

လျော်ကြေးတောင်းခံမည့်အစီအစဉ်

  • ဆုံးရှုံးမှုဖြစ်ပေါ်လျှင် ကုမ္ပဏီသို့ အမြန်ဆုံးဆက်သွယ်သတင်းပို့ရန်။
  • လိုအပ်သော စာရွက်စာတမ်း အထောက်အထားများပြုစု၍ လျော်ကြေး တောင်းခံရန်။

အကြောင်းကြားရန်လိုအပ်ချက်များ

  • အာမခံထားသည့်ပစ္စည်းကိုနေရာရွှေ့ပြောင်းခြင်း။
  • အာမခံထားသည့် ပစ္စည်းပိုင်ရှင် အပြောင်းအလဲဖြစ်ခြင်း။
  • အာမခံထားသည့် ပစ္စည်းတန်ဖိုး အပြောင်းအလဲဖြစ်ခြင်း။