ပင်မစာမျက်နှာ » အထွေထွေအာမခံ » ကုန်းလမ်းကုန်စည်ပို့ဆောင်ရေးအာမခံ

ကုန်းလမ်းကုန်စည်ပို့ဆောင်ရေးအာမခံ

ကုန်ပစ္စည်းတွေကို ကုန်းလမ်းမှဆက်သွယ်ပို့ဆောင်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်အောင် သယ်ယူသည့်ပစ္စည်းများကို ခရီးတစ်ခေါက်ခြင်းအလိုက် အာမခံထားရှိနိုင်ပါသည်။

ရရှိမည့်အကာအကွယ်များ
မီးလောင်ခြင်း (သို့မဟုတ်) ပေါက်ကွဲမှုဖြစ်ခြင်း
သယ်ယူပို့ဆောင်စဉ် တိမ်းမှောက်ခြင်း (သို့) ယို့ယွင်းခြင်း
ယာဉ်ပြင်ပမှအခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း
ဤပေါ်လစီသည်ကုန်ပစ္စည်းစုစုပေါင်းဆုံးရှုံးမှုအတွက်သာအကျုံးဝင်သည်။ အာမခံထားသူသည် သယ်ယူပို့ဆောင်ရေးကာလအတွင်းကုန်ပစ္စည်းစုစုပေါင်းဆုံးရှုံးမှုအတွက်အာမခံထားသောပမာဏအထိလျော်ကြေးပေးနိုင်သည်။
အာမခံထားခွင့်ရှိသူ
ကုန်ပစ္စည်းပိုင်ရှင်များ
ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုအသင်း
ကုန်ပစ္စည်း သယ်ဆောင်သူများ
ကုန်သည်များ နှင့် ပွဲစားများ
အာမခံထားငွေ
ကုန်ပစ္စည်းများ၏အမှန်တကယ်တန်ဖိုးအပေါ်အပိုဆောင်း ၁၀% အာမခံနိုင်သည်။
အာမခံသက်တမ်း
အာမခံသက်တမ်းသည် ဦးတည်ရာတစ်ခုမှ နောက်တစ်ခုသို့ ခရီးတခေါက်အတွက်သာဖြစ်သည်။ (one voyage policy)
အထွေထွေကုန်ပစ္စည်း
မြစ်တွင်းရေကြောင်းကုန်စည် - ၀.၁၄ %
ကမ်းရိုးတန်းကုန်စည်
နွေရာသီ – ၀.၂၈%
မိုးရာသီ (မေလ ၁၅ ရက် မှ အောက်တိုဘာလ ၁၅ ရက်ထိ) – ၀.၅၆%
ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ
မြစ်တွင်းရေကြောင်းကုန်စည် - ၂၈ %
ကမ်းရိုးတန်းကုန်စည်
နွေရာသီ – ၀.၄၂%
မိုးရာသီ (မေလ ၁၅ ရက် မှ အောက်တိုဘာလ ၁၅ ရက်ထိ) – ၀.၈၄%