ပင်မစာမျက်နှာ » အထွေထွေအာမခံ » ရေကြောင်းကုန်စည်ပို့ဆောင်ရေးအာမခံ

ရေကြောင်းကုန်စည်ပို့ဆောင်ရေးအာမခံ

ကုန်ပစ္စည်းတွေကို ကုန်းလမ်းမှဆက်သွယ်ပို့ဆောင်တဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်အောင် သယ်ယူသည့်ပစ္စည်းများကို ခရီးတစ်ခေါက်ခြင်းအလိုက် အာမခံထားရှိနိုင်ပါသည်။

ရရှိမည့်အကာအကွယ်များ
လုံးဝဆုံးရှုံးမှု အကာအကွယ် (Total Loss Only ) နှင့် ဆုံးရှုံးမှုဖြစ်ပွားလျှင် ဆုံးရှုံးမှုဘေးမှ ကင်းဝေးအောင် ဆောင်ရွက်ရမည့် စရိတ်များ ၊ အလုပ်သမားခများ (Sue and Labor) ကိုပေးလျော်ရန် တာဝန်ယူပါသည်။
မီးလောင်ခြင်း (သို့မဟုတ်) ပေါက်ကွဲမှုဖြစ်ခြင်း
ကမ်းတင်ခြင်း၊ သောင်တင်ခြင်း၊ မြှုပ်ခြင်း၊ သင်္ဘောမှောက်ခြင်း
သယ်ယူပို့ဆောင်စဉ် တိမ်းမှောက်ခြင်း (သို့) ယို့ယွင်းခြင်း
ယာဉ်ပြင်ပမှအခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း
အာမခံအကျုံးမဝင်သောအချက်များ
တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှု
သတ်မှတ်ထားသော အလေးချိန်ထက်ပိုမိုတင်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ
အပိုအကာအကွယ်
စစ်နှင့်စစ်အသွင်
သပိတ်၊ အဓိကရုဏ်း ၊ လူထုအုံကြွမှု
ဆိပ်ကမ်းရက်လွန်ကြေး
အာမခံထားငွေ
ကုန်ပစ္စည်းများ၏အမှန်တကယ်တန်ဖိုးအပေါ်အပိုဆောင်း ၁၀% အာမခံနိုင်သည်။
အာမခံသက်တမ်း
အာမခံသက်တမ်းသည် ဦးတည်ရာတစ်ခုမှ နောက်တစ်ခုသို့ ခရီးတခေါက်အတွက်သာဖြစ်သည်။ (one voyage policy)
အထွေထွေကုန်ပစ္စည်း
မြစ်တွင်းရေကြောင်းကုန်စည် - ၀.၁၄ %
ကမ်းရိုးတန်းကုန်စည်
နွေရာသီ – ၀.၂၈%
မိုးရာသီ (မေလ ၁၅ ရက် မှ အောက်တိုဘာလ ၁၅ ရက်ထိ) – ၀.၅၆%
ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ
မြစ်တွင်းရေကြောင်းကုန်စည် - ၂၈ %
ကမ်းရိုးတန်းကုန်စည်
နွေရာသီ – ၀.၄၂%
မိုးရာသီ (မေလ ၁၅ ရက် မှ အောက်တိုဘာလ ၁၅ ရက်ထိ) – ၀.၈၄%
လိုအပ်သည့် အထောက်အထားများ
အဆိုလွှာဖြည့်စွက်ခြင်း
ရေယာဉ်/မော်တော်ယာဉ် လိုင်စင်မိတ္တူ
ကုန်စည်ပို့ဆောင်ခွင့် လိုင်စင်မိတ္တူ
ကုန်ပစ္စည်း invoice