သမာဓိအာမခံ

သမာဓိအာမခံဆိုသည်မှာ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများတွင် ဝန်ထမ်းတစ်ဦးတစ်ယောက်၏ မရိုးသားခြင်း၊ ခိုးယူခြင်းကြောင့် ပျောက်ဆုံးသည့် ငွေပမာဏကို တာဝန်ယူသောအာမခံအမျိုးအစားဖြစ်ပါသည်။

ရရှိမည့်အကာအကွယ်များ
  • ပျက်ကွက်မှု
  • ပေါ့လျော့မှု၊လစ်ဟင်းမှု
  • လိမ်လည်ကောက်ကျစ်မှု၊ အတုပြုလုပ်မှု
  • ခိုးယူမှု
  • အကျင့်ပျက်ပြားမှု
  • မသမာမှု
  • အလွဲသုံးစားပြုမှု
  • မသမာသောနည်းဖြင့် ကိုယ်ကျိုးအသုံးပြုမှု
အာမခံသက်တမ်း
အာမခံသက်တမ်းမှာ တစ်နှစ်ဖြစ်ပါသည်။
ပရီမီယံနှုန်းထား
  • အစိုးရနှင့် ပုဂ္ဂလိကဘဏ်များအတွက် အာမခံထားငွေ၏ ၁%
  • သမဝါယမနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် အာမခံထားငွေ၏ ၂%