ပင်မစာမျက်နှာ » အထွေထွေအာမခံ » အလုံးစုံမော်တော်ယာဉ်အာမခံ

အလုံးစုံမော်တော်ယာဉ်အာမခံ

အလုံးစုံမော်တော်ယာဉ်အာမခံဆိုသည်မှာ လူကြီးမင်းတို့ပိုင်ဆိုင်သော မော်တော်ယာဉ်များ မတော်တဆ ထိခိုက်မှုဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါတယ်။

ကညနမှ တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ လုပ်ငန်းသုံးယာဉ်အမျိုးမျိုး ကိုအာမခံထားရှိနိုင်ပါသည်။

ထားရှိနိုင်သောယာဉ်အမျိုးအစားများ

  • ကိုယ်ပိုင်မော်တော်ယဉ်
  • လုပ်ငန်းသုံးမော်တော်ယဉ်
  • အခြာသောလုပ်ငန်းသုံးယာဉ်ယန္တရားများ
(၃)လ၊ (၆)လ၊ (၉)လ၊ (၁)နှစ် ရွေးချယ်ထားရှိနိုင်ပါသည်။ (၁) နှစ် သက်တမ်းကုန်ဆုံးလျှင် ပေါ်လစီကို သက်တမ်းတိုး ဆက်လက်ထားနိုင်ပါသည်။
  • သုံးလအတွက် ပရီမီယံနှုန်း ၃၅ ရာခိုင်နှုန်း
  • ခြောက်လအတွက် ပရီမီယံနှုန်း ၆၀ ရာခိုင်နှုန်း
  • ကိုးလအတွက် ပရီမီယံနှုန်း ၈၅ ရာခိုင်နှုန်း

အာမခံတန်ဖိုး

  • ငွေတောင်းခံလွှာတန်ဖိုး (သို့မဟုတ်) စျေးကွက်တန်ဖိုးထက်မပိုစေရ။
  • ပရီမီယံကြေးကိုနှစ်စဉ်တစ်ကြိမ်တည်း ငွေပေးချေရမည်။
  • အာမခံပရီမီယံငွေပေးချေမှုပြုလုပ်ပြီးသည်နှင့် တပြိုင်တည်း အကျိုးခံစားခွင့်ရှိသည်။

ပရီမီယံနှုန်းထား

ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ လူစီးဦးရေ၊ အင်ဂျင်ထုထည် (စီစီ) တို့အပေါ်တွင် အခြေခံ၍ တွက်ချက်ပါသည်။
  • ကိုယ်ပိုင်ယာဉ် : အနည်းဆုံး ၀.၈၂% ~ အများဆုံး ၀.၈၅%
  • လုပ်ငန်းသုံးယာဉ် : အနည်းဆုံး ၁.၃၀% ~ အများဆုံး ၁.၃၆%
အာမခံထားသည့်ယာဉ် အနည်းဆုံး (၁၀)စီးနှင့်အထက် အာမခံထားခြင်းနှင့် အုပ်စုလိုက်အာမခံထားမည့်သူများအတွက် Fleet Discount အဖြစ် အခြေခံပရီမီယံအပေါ် (၁၀)%လျှော့၍ ပေးသွင်းနိုင်ပါသည်။

အကျိုးခံစားခွင့်

  • SRCC (Strike, Riot and Civil Commotion) (0.05% on sum insured)
  • သူတစ်ပါးထိခိုက်နစ်နာမှု
  • ယာဉ်မတော်တဆတိုက်မိခြင်း နှင့် ယာဉ်တိမ်းမှောက်ခြင်း
  • မီးလောင်ခြင်း၊ မိုးကြိုးပစ်၍မီးလောင်ခြင်း နှင့် ပေါက်ကွဲမှုဖြစ်ခြင်း
  • ယာဉ်ပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျခြင်း
  • မသမာသူတို့၏ ဖျက်စီးခံရခြင်း
  • ရေလမ်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်စဉ် ပျက်စီးခြင်း
  • (ယာဉ်ပျက်ဆွဲယူစရိတ် ကျပ် (၁) သိန်း)
  • (တရားရုံးစရိတ် ကျပ် (၂) သိန်း)

အပိုအကာအကွယ်

  • လေကာမှန်အကာကွယ်အတွက် လေကာမှန်တန်ဖိုး၏ ၅% (အများဆုံးသိန်း ၃၀ထိ)
  • သဘာဝဘေးအန္တရာယ်များ၊ ရေးကြီးခြင်း၊ လေမုန်တိုင်းငလျင်အတွက် အာမခံတန်ဖိုး၏ ဝ.၀၅%
  • ခိုးယူ၊ ပျောက်ဆုံးခြင်းအတွက် အခြေခံပရီမီယံ၏ ၁၅%
  • စစ်နှင့်စစ်အသွင် အန္တရာယ်အတွက် အာမခံတန်ဖိုး၏ ဝ.၀၅%

သူတစ်ပါးထိခိုက်နစ်နာမှု

  • အာမခံထားသည့်ယာဉ်ကြောင့် သူတစ်ပါးထိခိုက်နစ်နာမှု ဖြစ်ပွားပါက လူ(၁)ဦး သေဆုံးခြင်းအတွက် ကျပ် (၁၀)သိန်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။
  • ထိခိုက်ဒဏ်ရာရရှိမှုအတွက် ဆရာဝန်၏ထောက်ခံချက်ဖြင့် ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။
  • မတော်တဆမှုကြောင့် ပစ္စည်းများပျက်စီးခြင်း (ယာဉ်၊ အဆောက်အဦး၊ ဓာတ်တိုင်၊ ပလက်ဖောင်းတုံးများ စသည်တို့အတွက်) လည်း ပေးလျော်မည် ဖြစ်ပါသည်။ (အထက်ပါထိခိုက်မှုများအတွက် အများဆုံး လျော်ကြေးမှာ သိန်း (၅၀၀) ဖြစ်ပါသည်။)

လျော်ကြေးမဲ့ဆု

  • အာမခံထားသောပထမနှစ်တွင် လျော်ကြေးတောင်ခံမှု မရှိလျင်နောက်နှစ်များတွင် အာမခံဆက်လက်ထားရှိပါက လျော်ကြေးမဲ့ဆု ခံစားခွင့်ရှိပါသည်။
  • သက်တမ်းစေ့ရောက်သည့်နေ့မှ (၃၀)ရက်အတွင်းငွေပေးသွင်းမှသာ ခံစားခွင့်ရှိပါသည်။
  • တစ်နှစ်အတွင်းတောင်ခံငွေ (၂)ကြိမ်နှင့်အထက်ရှိသောယာဉ် အာမခံဆက်လက်ထားရှိပါက ကျသင့်ပရီမီယံ၏ ၁၅% ထပ်ဆောင်းပေးရပါမည်။