art-of-driving

ယာဉ်မောင်းခြင်းအနုပညာနဲ့ အလုံးစုံမော်တော်ယာဉ်အာမခံ


Articles, Posts မေ 11, 2021 1:48 ညနေ

ယာဉ်မောင်းခြင်းအနုပညာဆိုလို့ ကားကိုနုနုရွရွလှလှပပလေး မောင်းခိုင်းတယ်လို့ မထင်လိုက်နဲ့ဦးနော်… ယာဉ်မောင်းတယောက်ဖြစ်ပြီဆိုတာနဲ့ လိုက်နာရမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာပြီး စည်းကမ်းတကျမောင်းနှင်မှသာ ယဉ်မောင်းခြင်းအနုပညာမြောက်တာပါ… နောက်အရေကြီးတာတခုက ကားအာမခံထားဖို့ပါ…

ကားတစီး Accident ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ယာဉ်မောင်းကြောင့်ဖြစ်ရတာက ၈၀ ရာခိုင်နှုန်း လောက်ပါဝင်ပါတယ်… ဒါကြောင့် နိုင်ငံတကာက အာမခံကုမ္ပဏီတွေဟာ ကားအာမခံကို လက်ခံရင် ကားမောင်းမယ့် ယာဉ်မောင်းကိုအဓိက စိစစ်ပြီးမှ လက်ခံပါတယ်…

ကားတစီး အာမခံထားရင် အများဆုံး Driver list ကို ၄ယောက်အထိ ခွင့်ပြုပေးထားပြီး အဲသည်စာရင်းပေးထားတဲ့လူ ၄ယောက်ကလွဲပြီး တခြားသူမောင်းနှင်ချိန်မှာ ဖြစ်လာတဲ့ Accident မျိုးကိုတော့ အာမခံကုမ္ပဏီဘက်က အလျော်မပေးပါဘူး… အကယ်၍ ယာဉ်မောင်းအပြောင်းအလဲရှိခဲ့လို့ အာမခံကုမ္ပဏီကို ကြိုတင်အကြောင်းကြားထားမယ်ဆိုရင်တော့ Endorsement လုပ်ပေးပါတယ်…

ပြီးတော့ ယာဉ်မောင်းတွေရဲ့ Punishment ကိုလည်းကြည့်ပါသေးတယ်… Punishment ကိုကြည့်ခြင်းအားဖြင့် Behavioral ကိုသိနိုင်ပါတယ်… ဥပမာ - အရက်သေစာသောက်ပြီး မောင်းလေ့ရှိလား… ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်လားစသဖြင့်ပေါ့… အရေးယူခံရမှုတိုင်းကိုလည်း လိုင်စင် ရဲ့ Punishment list ထဲထည့်ထားပြီး လိုင်စင်သက်တမ်းတိုးချိန်မှာ လိုင်စင်ပြန်ဖြေရတာတို့ ဘာတို့လည်းလုပ်ရပါသေးတယ်…

ကျွန်တော်တို့ဆီမှာတော့ ယာဉ်မောင်းလိုင်စင်ရှိသူတိုင်း ဘယ်သူမောင်းမောင်း အာမခံအလျော်ပေးနေပါတယ်… နောက်ပြီး ဒဏ်ကြေးဆောင်အရေးယူခံရရင်လည်း ယာဉ်မောင်းသူရဲ့ Punishment list ထဲ မရောက်နိုင်သေးပါဘူး… အဓိကကျတဲ့ ယာဉ်မောင်းကိစ္စကို ဖြေလျော့ပေးနေတဲ့အပြင် ပရီမီယံနှုန်းထားကလည်း တခြားနိုင်ငံတွေထက် အရမ်းကိုချိုသာနေပါတယ်…

ဘယ်လိုပင်ဖြစ်ပါစေ ကားတစီးရဲ့ အဓိကပဲ့ကိုင်ရှင်ဟာ ယာဉ်မောင်းဖြစ်တဲ့အတွက် နိုင်ငံတကာမှာ မော်တော်ယာဉ်အာမခံထားမယ်ဆိုရင် ယာဉ်မောင်းတွေကို အဓိကထားစိစစ်ပြီးမှ လက်ခံနေတဲ့အကြောင်းကို တင်ပြရင်း ကားမောင်းခြင်းအနုပညာဟာ အများပြည်သူဆိုင်ရာအပေါ်မှာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို တင်ပြပေးလိုက်ရပါတယ်…

“ တိကျမြန်ဆန် ယမ်းအာမခံ ”

Credit - ကိုမျိုးအာမခံ