မေတ္တာဖြင့်ဖေးကူ ယမ်းအာမခံရဲ့ ဒါနအလှူ


News, Posts ဒီဇင်ဘာ 7, 2021 12:24 ညနေ
ပြင်ဦးလွင် အနီးစခန်း စည်ကားရွာမှာရှိတဲ့ “ဂရုဏာရင်ခွင်” မိဘမဲ့ကလေးကျောင်းကို ယမ်းအာမခံ မန္တလေးရုံး မှ

ဝန်ထမ်းများစုပေါင်းပြီး အဝတ်အစားများ နှင့် ဆန် ၊ဆီ ၊ ငါးခြောက်၊ ကြက်ဥ၊ အာလူး၊ ကြက်သွန်နီ၊ ချဥ်ပေါင်၊

ဂေါ်ဖီထုပ်၊ ကျောက်ဖရုံသီး၊ ဆား၊ ကုလားပဲ၊ ငရုပ်သီး၊ ငံပြာရည် စတဲ့ ချက်ပြုတ်စရာများအပြင် ကလေးများအတွက်

မုန့်များကို (၃.၁၀.၂၀၂၁) ရက်နေ့ကသွားရောက်လှူဒါန်းဒါနပြုခဲ့ကြပါတယ်….

အဆိုပါမိဘမဲ့ကျောင်းလေးဟာ ခရစ်ယာန်မိဘမဲ့ကျောင်းဖြစ်ပါတယ်. ဒီမိဘမဲ့ ကျောင်းလေးအကြောင်းကိုသိရှိသူနည်းနေသေးတာရယ် နေရာဝေးပြီး လူအရောက်နည်းတဲ့နေရာဖြစ်နေတာရယ်ကြောင့်

ကလေးတွေအစားအသောက် ချို့တဲ့ကြပါတယ်. တစ်ခါတစ်ရံ ဆန်ပြုတ်သောက်ရတယ်လို့ သိရပါတယ်.

ယမ်းအာမခံအနေနဲ့ “ဂရုဏာရင်ခွင်” မိဘမဲ့ကလေးကျောင်းကို ဒုတိယအကြိမ်အဖြစ် သွားရောက်

ဒါနပြုခဲ့ကြတာဖြစ်ပါတယ်. အလှူအတွက် အားဖြည့်ပေးသော #Young_Insurance ရဲ့ CEO ဒေါ်နန်းစောထွေး

အားလည်း အထူးကျေးဇူးတင်ရှိပါတယ်……

ယမ်းအာမခံရဲ့ မိတ်ဆွေများအနေနဲ့လည်း “ဂရုဏာရင်ခွင်” မိဘမဲ့ကလေးကျောင်းကိုသွားရောက်လှူဒါန်းချင်တယ်ဆိုရင်တော့ ကျောင်းရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 09449726884 ကို

ဆက်သွယ်လှူဒါန်းနိုင်ပါတယ်……

“တိကျမြန်ဆန်…ယမ်းအာမခံ”