Child in Car

သင့်ရင်သွေးအတွက် အသက်ကယ်ထိုင်ခုံခါးပတ် အသုံးပြုနည်း


Articles, Posts မေ 11, 2021 12:03 ညနေ

ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်တဲ့အခါပဲဖြစ်ဖြစ်၊ တခြားသူမောင်းနှင်တဲ့ကားကို လိုက်ပါစီးနင်းတဲ့အခါပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးခါးပတ်ပတ်လေ့ရှိကြပါတယ်…

ဒါပေမယ့် မိမိရဲ့ရင်သွေးငယ်များကိုတော့ ခါးပတ်ပတ်ပေးဖို့မေ့နေတတ်ကြပြီး ၊ ခါးပတ်ပတ်ရမယ်ဆိုတဲ့ အသိပညာကိုလည်း သင်ကြားပေးဖို့ မေ့နေတတ်ကြပါတယ်…

ယခုနှစ်စစ်တမ်းများအရ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများကြောင့် သေဆုံးသူများတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ ပါဝင်နေသည်ကို တွေ့ရှိလာရပါသည်…

ထို့ကြောင့် မိမိရင်သွေးငယ်များရဲ့ အသက်အန္တရာယ်စိုးရိမ်ပူပန်ခြင်းမဖြစ်ရအောင် မော်တော်ယာဉ်စီးနင်းအသုံးပြုစဉ်အတွင်း ကလေးအသက်ကယ်ထိုင်ခုံခါးပတ်များကို အသုံးပြုရန်တိုက်တွန်းနှိုးဆော်လိုက်ရပါသည်…

ကလေးအသက်ကယ်ထိုင်ခုံခါးပတ်အသုံးပြုနည်း

(၁) ခါးပတ်သိုင်းကြိုးကိုတပ်တဲ့အခါ လည်ပင်းနဲ့အရမ်းနီးကပ်နေတာမျိုးဖြစ်လို့မရပါဘူး…ရင်ဘတ်အခြမ်းကို ကန့်လန့်ဖြတ်ပုံစံသာ တပ်ဆင်ရပါမယ်…

child-in-car

 

(၂) ကလေးရဲ့ခေါင်းနဲ့ ကားထိုင်ခုံရဲ့ ခေါင်းမှီဟာ တစ်တန်းတည်းဖြစ်နေရပါမယ်…

child-in-car

 

(၃) ကလေးအသက်ကယ်ထိုင်ခုံခါးပတ်ကိုပတ်တဲ့အချိန်မှာ ကလေးငယ်ရဲ့ ဒူးခေါင်းနဲ့အောက်ပိုင်းဟာ သက်တောင့်သက်သာအနေအထားဖြစ်နေရပါမယ်…

child-in-car

 

(၄) ခါးပတ်ရဲ့ ခါးသိုင်းကြိုးကို ပတ်တဲ့အခါ အစာအိမ်အပေါ်ကို ဖြတ်ပြီးမပတ်ဖို့လိုပါမယ်…

child-in-car

 

အနာဂတ်ဘဝများလှပစေဖို့
“တိကျမြန်ဆန်…ယမ်းအာမခံ”