အမြန်လမ်းမများပေါ်က ယာဉ်အန္တရာယ်ကြောင်းတစေ့တဆောင်း


Articles, Posts မေ 11, 2021 4:03 ညနေ

အမြန်လမ်းမလို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့အားလုံး ပြေးမြင်မိကြတာကတော့ ဖြောင့်ဖြူးပြီး ယာဉ်မောင်းသူတွေ အသက်သာဆုံးမောင်းနှင်နိုင်တဲ့ မျက်စိတစ်ဆုံး လမ်းမကြီးတွေပါပဲ…

ဒါပေမယ့်…ဒါတွေနဲ့အတူ ကျွန်တော်တို့ ပြေးမြင်မိကြမှာကတော့ လမ်းမပေါ်က မတော်တဆယာဉ်အန္တရာယ်တွေပဲ ဖြစ်ကြပါတယ်…

သက်တောင့်သက်သာ မောင်းနှင်လို့ရတဲ့အခါ…အန္တရာယ်ကို သတိမမူမိကြတော့ပဲ ပေ့ါပေါ့တန်တန်ပဲ မောင်းကြတော့တာများပါတယ်…

အမြန်လမ်းမတွေပေါ်မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတွေဟာ အရှိန်မထိန်းနိုင်ပဲ ယာဉ်တိမ်းမှောက်ခြင်း၊ တစ်စီးနဲ့ တစ်စီး တိုက်ခြင်း၊ လမ်းမဘေးသို့ ချော်ကျခြင်းစတာတွေပဲ ဖြစ်ပါတယ်….

ဒီလိုမဖြစ်ဖို့အတွက် အောက်ကအချက်လေးတွေကို လိုက်နာသင့်ပါတယ်

(၁) ယာဉ်မောင်းနှင်တဲ့အခါ အထူးဂရုစိုက်ပါ…စတီယာရင်ကို လက်တစ်ဖက်တည်းကိုင်မောင်းတာထက် လက်နှစ်ဖက်နဲ့ ကိုင်ပြီးမောင်းနှင်တာက ပိုပြီး အန္တရာယ်ကင်းစေပါလိမ့်မယ်…

(၂) အမြန်လမ်းမပေါ်ကို မိမိမောင်းနှင်တဲ့ကားရောက်ပြီဆိုတာနဲ့ ကားရဲ့ ဘရိတ်တွေကို အကောင်းမွန်ဆုံးဖြစ်အောင်စစ်ဆေးပါ…

(၃) လမ်းမပေါ်မှာ ပုံမှန်အရှိန်ထက်ပိုပြီး မောင်းနှင်ဖို့မကြိုးစားပါနဲ့…သီချင်းအကျယ်ကြီးဖွင့်ပြီး မောင်းနှင်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်…

အပေါ်ကအချက်လေးတွေ လိုက်နာနိုင်မယ်ဆိုရင် အမြန်လမ်းမပေါ်က ယာဉ်အန္တရာယ်တွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်ပါလိမ့်မယ်…

ဒါ့အပြင် မိမိခရီးမသွားခင်ကတည်းက အလုံးစုံမော်တော်ယာဉ်အာမခံ၊ ခရီးသွားအာမခံစတဲ့ အာမခံဝန်ဆောင်မှုတွေကို ရယူထားဖို့ တိုက်တွန်းလိုက်ပါရစေ…

တိကျမြန်ဆန် ယမ်းအာမခံ