insurance-driver

ကားအာမခံနှင့် ယာဉ်မောင်းများအကြောင်း တစေ့တဆောင်း


Articles, Posts မေ 11, 2021 1:38 ညနေ

ယမ်းအာမခံ မှ သည်နေ့မှာလည်း ယာဉ်မောင်းတယောက်ဟာ ကားအာမခံထားခြင်းအပေါ် ဘယ်လောက်အရေးပါသလဲဆိုတဲ့အကြောင်းကို တင်ပြပေးသွားမှာပါ…

တနေ့က အာမခံထားသူ Customer တယောက်က ကားကို ကားရေဆေးဆိုင်မှာ အပ်ထားရင်း ဝန်ထမ်းတယောက်က ကားပိုင်ရှင်မသိဘဲ ယူမောင်းရာကနေ ယာဉ်တိုက်မှုဖြစ်သွားပြီး အဲသည်ကားကို အာမခံထားတဲ့ သူ့ကားအတွက် အာမခံမရဘူးဆိုတဲ့ ဆွေးနွေးမှုတခုကို တွေ့လိုက်ရပါတယ်…

သည်အကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော်က ယာဉ်တိုက်မှုဖြစ်တဲ့ Driver ဟာ Authorized Driver မဟုတ်ရင် အဲသည်ကားအတွက် အာမခံလျော်ကြေး အကျုံးမဝင်ဘူးဆိုတာလေးကို ပြောပြချင်တာပါ… Authorized နဲ့ Listed ဟာ မတူပါဘူး…

နိုင်ငံတကာမှာ အာမခံထားရင် အာမခံကုမ္ပဏီတွေက အာမခံထားမယ့်ကားကို မောင်းနှင်မယ့် ယာဉ်မောင်းစာရင်းကို တင်ပြရပါတယ်… ကားတစ်စီးအတွက် အများဆုံး ယာဉ်မောင်း (၄) ဦးအထိ တင်ထားနိုင်ပါတယ်… ယာဉ်မောင်းအပြောင်းအလဲရှိခဲ့ရင်လည်း ကုမ္ပဏီကိုပြန်တင်ပြလို့ရပါတယ်…

အကယ်၍ ယာဉ်မောင်းအပြောင်းအလဲကို မတင်ပြခဲ့ဘူး၊ ပေးထားတဲ့စာရင်းထဲက ယာဉ်မောင်းမဟုတ်ခဲ့ဘူးဆိုရင်လည်း အာမခံအတွက် အကျုံးမဝင်ပါဘူး… လက်ရှိကျွန်တော်တို့ နိုင်ငံမှာတော့ ယာဉ်မောင်းစာရင်း ပေးထားစရာမလိုဘဲ အာမခံထားသူက ခွင့်ပြုတယ်ဆိုရင် ယာဉ်မောင်းလိုင်စင်ရှိသူ မည်သူမဆို မောင်းနှင်ရင် လျော်ကြေးအတွက် အကျုံးဝင်ပါတယ်… ဒါကို အာမခံထားသူက ခွင့်ပြုသူ Authorized driver လို့ခေါ်ပါတယ်…

အခုသည်ဖြစ်စဉ်မှာတော့ Accident ဖြစ်သွားတဲ့ ယာဉ်မောင်းဟာ အာမခံထားသူ (ယာဉ်ပိုင်ရှင်) က ခွင့်မပြုဘဲ ကားကိုယူမောင်းတာဖြစ်နိုင်တဲ့အတွက် အာမခံလျော်ကြေးအတွက် အကျုံးမဝင်တာ မှန်တယ်လို့ ဆိုနိုင်ပါတယ်… မိတ်ဆွေတို့လည်း အခုလောက်ဆို ကားအာမခံအတွက် ယာဉ်မောင်းတယောက်ဟာ ဘယ်လောက်အရေးပါလဲဆိုတာကို တွက်ဆလို့ရလောက်ပါပြီ…

နောက်များလည်း အာမခံနဲ့ပတ်သက်တဲ့ အကြောင်းအရာကောင်းတွေကို ဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော့်တို့ Page ကိုစောင့်မျှော်ကြည့်ရှု အားပေးဖို့တိုက်တွန်းလိုက်ရပါစေ...

“ တိကျမြန်ဆန် ယမ်းအာမခံ ”

Ref: ကိုမျိုး (အာမခံ)