အာမခံစနစ်၏ နှုတ်ဖြတ်ငွေအကြောင်း တစေ့တဆောင်း


Articles, Posts မတ် 15, 2019 11:42 မနက်

အာမခံလောကတွင် လျော်ကြေးပေးရန်ကိစ္စများပေါ်ပေါက်လာပါက နှုတ်ဖြတ်ငွေကိစ္စရပ်များကိုလည်း ကြုံတွေ့ရပါလိမ့်မယ်…

ဒါကြောင့်နှုတ်ဖြတ်ငွေဆိုတာဘာလဲ၊ ဘာတွေကိုနှုတ်ဖြတ်မှာလဲဆိုတာတွေကို ကျွန်တော်ကရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်… ဘာတွေကိုနှုတ်ဖြတ်တာလဲဆိုတာကတော့ အာမခံအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်… တချို့အာမခံ Product တွေမှာ Deductible လို့လည်းခေါ်ကြပါတယ်…

Nil Excess ဆိုတာတနည်းအားဖြင့် နှုတ်ဖြတ်ငွေလို့လည်း ဆိုနိုင်ပါတယ်… Excess ကတော့ပိုလွန်သမျှလို့ အဓိပ္ပါယ်ဖွင့်ပါတယ်… ကျွန်တော်တို့နိုင်ငံမှာလက်ရှိလက်ခံနေတဲ့ ကားအာမခံများတွင် လျော်ကြေးကိစ္စများပေါ်ပေါက်လာပါက ကိုယ်ပိုင်ကားဆိုပါက ကျပ်နှစ်သောင်းအထိ လျော်ကြေးနှုတ်ဖြတ်ပြီး အဲဒီနှစ်သောင်းကနေ ပိုလွန်သမျှကိုပဲ ပေးလျော်မှာဖြစ်ပါတယ်…

ဥပမာပြောရရင် လျော်ကြေး ၁သိန်းဆိုရင် ၂သောင်းကပိုလွန်တဲ့ ကျပ်၈သောင်းကိုပဲ ပေးလျော်ရမှာပါ… လျော်ကြေးအပြည့်ရလိုရင်တော့ အဆိုပါ Excess ကို Nil လုပ်လို့ရပါတယ်… ဒီလို Nil လုပ်လိုက်ရင်တော့ Premium အပိုကြေးထပ်ဆောင်းပေးရတာမျိုးရှိနိုင်ပါတယ်…

ကိုယ်ပိုင်မော်တော်ယာဉ်များအတွက် ကျပ်၂သောင်းမနှုတ်ဖြတ်လိုလျှင် ပရီမီယံကြေး ကျပ်၂ထောင်နဲ့ အငှားယာဉ်များအတွက် နှုတ်ဖြတ်ငွေ ကျပ်၄သောင်း သတ်မှတ်ထားပြီး Nil လုပ်လိုလျှင် ပရီမီယံကြေး ကျပ်၄ထောင်ပေးဆောင်ရပါတယ်…

ယခုအခါ အဆိုပါသတ်မှတ်ချက်များကို (၁၅.၃.၂၀၁၉) ရက်နေ့မှစတင်ပြီး ကိုယ်ပိုင်ယာဉ်များကို နှုတ်ဖြတ်ငွေ ကျပ်၅သောင်း သတ်မှတ်ပြီး Nil လုပ်လိုလျှင် ပရီမီယံ ကျပ်၅ထောင်နှင့် အငှားယာဉ်များအတွက် နှုတ်ဖြတ်ငွေ ကျပ်တစ်သိန်းသတ်မှတ်ပြီး Nil လုပ်လိုလျှင် ပရီမီယံ ကျပ် တစ်သောင်းသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း တင်ပြလိုက်ရပါတယ်…

နောက်များမှာလည်း အာမခံနှင့်ပတ်သက်သည့် ဗဟုသုတအကြောင်းအရာများကို ဆက်ပြီးတင်ဆက်ပေးသွားဦးမှာဖြစ်လို့ ကျွန်တော်တို့ ယမ်းအာမခံ ကို အမြဲစောင့်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ…

“ တိကျမြန်ဆန် ယမ်းအာမခံ ”