young insurance iso

Young Insurance Co,Ltd မှ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိခြင်း


News, Posts မေ 10, 2021 11:05 မနက်

*Young Insurance* (တိကျမြန်ဆန် ယမ်းအာမခံ) မှ နိုင်ငံတကာအရည်အသွေး စီမံဆောင်ရွက်မှုဆိုင်ရာ စံချိန်စံညွှန်းမှီ “ISO 9001:2015” အသိအမှတ်ပြုလက်မှတ်ရရှိ

=======================================

မြန်မာပြည်သူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ် နှင့် လူနေမှုဘဝတိုးတက် မြင့်မားရေးအတွက် တိကျမြန်ဆန်၍ လုံခြုံစိတ်ချရသော အာမခံအကာအကွယ်များကို ရင်းနှီးမြှပ်နှံမှု့ခိုင်မာတောင့်တင်း၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများစွာ လုပ်ဆောင်လျက်ရှိသော YOUNG INSURANCE HOLDING COMPANY LIMITED အာမခံကုမ္ပဏီ သို့ DAS Certification (UK) မှ အရည်အသွေးနှင့် စီမံခန့်ခွဲမှုစနစ်များကောင်းမွန်စွာဆောင်ရွက်ခဲ့ ခြင်းတို့အတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ် ပေးအပ် ချီးမြင့်ခြင်းကို၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် လက်ခံရရှိခဲ့ပါသည်။

အဆိုပါ UK နိုင်ငံအခြေစိုက် International Audit Service Listing စာရင်းဝင် DAS Certification ( UK ) အနေဖြင့် YOUNG INSURANCE အာမခံ၏

- အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်း များနှင့်အညီ အာမခံထားရှိသော Customer များ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုများကို တိကျမြန်ဆန်စွာ တစ်သမတ်တည်း ပေးစွမ်းနိုင်ခြင်း။

- အာမခံဝန်ဆောင်မှုများ ကိုတူညီသော ဝန်ဆောင်မှု့များဖြင့်အာမခံထားရှိသော Customer များအတွက်စိတ်ကျေနပ်မှု့ အပြည့်အဝရရှိစေရန် ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်း။

-ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ နှင့်ဆုံးရှုံးမှု့များကို စနစ်တကျ တိကျမြန်ဆန်စွာဖြင့် ဆုံးရှုံး မှု့ပေါ်ပေါက်သော Customer များသို့ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှု့ပေးနိုင်ခဲ့ခြင်း။

-ကုမ္ပဏီ၏ ရည်မှန်းချက်နှင့် ဝန်ထမ်းများ၏ အခွင့်အလမ်းများအား စည်းမျဉ်းစည်း ကမ်းများ နှင့် အညီကောင်းမွန်စွာ ကိုင်တွယ် လုပ်ဆောင်နိုင်ခြင်း။

- သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှုစနစ် (QMS) နှင့်အညီကိုက်ညီစွာ လုပ်ဆောင်နိုင်ခြင်းတို့အပြင်

- လူ့အဖွဲ့အစည်းနှင့် လူမှုအကျိုးပြု ပူးပေါင်း ဆောင်ရွက်ချက်များကိုပါ ကြည့်ရှု့စစ်ဆေးပြီးမှ အဆိုပါ Quality Management System (QMS) အရည်အသွေးစီမံဆောင်ရွက်မှုအတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်ပါသည်။

* YOUNG INSURANCE* အာမခံကုမ္ပဏီအနေဖြင့် “ISO 9001:2015” အသိအမှတ်ပြုလက်မှတ်ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာ့အာမခံ လောကအတွက်လည်း ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုကို ထိုးပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

ယခုကဲ့သို့ ISO 9001:2015 လက်မှတ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသောသူများနှင့် လက်တွဲညီညီ ကြိုးပမ်းအားထုတ်ပေးခဲ့ကြသော YOUNG INSURANCE အာမခံ၏ ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်ဂုဏ်ပြုအပ်ပါသည်။

*တိကျမြန်ဆန် ယမ်းအာမခံ*

young insurance iso 9001:2015

young insurance iso 9001:2015